NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမား များက ပုလောမြို့နယ်၊ ပိတပ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာ တစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်၊ အခြေခံပညာကျောင်းများအား လက်လုပ်မိုင်း များ/လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ပစ်ခတ်ဖောက်ခွဲ၊ ခြိမ်းခြောက်စာများပေးပို့
နေပြည်တော်၊ ဇွန် - ၁၁
မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ် ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင် စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ဆရာ၊ မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက်နေမှုများအပေါ် PDF အမည်ခံအကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်း သော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ် ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်း စသည့်နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၉ ရက် ညပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြ ကျောင်းဆရာဖြစ်သည့် ဦးချိန်မင်း(၃၀)နှစ် (ဘ) ဦးစိန်ဝင်း သည် ၎င်း၏ နေအိမ်၌ မူလတန်းကလေးငယ်များအား စာသင်ကြားပေးနေစဉ် PDF အမည်ခံ အကြမ်းဖက် သမား ၂ ဦးက နေအိမ်ပေါ်သို့တက်လာကာ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇွန် ၁၀ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း အား PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ လက်လုပ်ဗုံးမှာ ကျောင်းဝင် ပေါက်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
၎င်းအပြင် ဇွန် ၉ ရက် ည ၁၀ နာရီခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဘိုကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အုတ်တံတိုင်းအနီး၌ လည်း ကောင်း၊ ဇွန် ၁၀ ရက် နံနက် ၈ နာရီခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင် ကမော့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲဝင်ပေါက်အနီးနှင့် ဘဲလမု ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ဝင်ပေါက်အနီး၌ လည်းကောင်း၊ နံနက် ၁၀ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဝင်ပေါက်အနီး၌လည်းကောင်း NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက “ကလေး သူငယ်များ ပညာသင်ကြားပေးနေမှုများအား ရပ်တန့်ရန်၊ တာဝန်ထမ်းဆောင်လျက် ရှိသည့် ပညာရေးဝန်ထမ်းများ CDM ပြုလုပ်ရန် နှင့် CDM မပြုလုပ်ပါက ပညာရေး ဝန်ထမ်းများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကိုလုံးဝတာဝန်ယူမည် မဟုတ် ကြောင်း” အကြမ်းဖက်အဖွဲ့များ၏ အမည်များဖြင့် ခြိမ်းခြောက်ရေးသားထားသည့် ခြိမ်းခြောက်စာများအားကျည်ဆံများနှင့်အတူ လာရောက်ထားရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေ ရန်ရည်ရွယ်၍ ဆရာ၊ ဆရာမများ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျောင်းအဆောက် အဦများနှင့် အခြားအုပ်ချုပ်မှုအဆောက်အဦများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သူများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြည်သူများနှင့် ပူးပေါင်း ၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။