ကသာ၊ ပညာရေး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကသာမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတို့မှ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သုံးကျောင်းတို့အား Computer ၊ Printer နှင့်မီးစက်များကို အောက်တိုဘာ ၆ ရက်နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ကသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် ခရိုင်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းသိန်းတို့က နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်း သည့် Computer ၊ Printer နှင့်မီးစက်များကို ကသာမြို့နယ်အတွင်းရှိ အင်းကြီးကျေးရွာ၊ သံပုရာ ကျေးရွာနှင့် ဆိပ်ငူကျေးရွာတို့မှ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သုံးကျောင်းတို့ အတွက် တစ်ကျောင်းလျှင် Computer တစ်စုံ၊ Printer တစ်လုံးနှင့် မီးစက်တစ်လုံးစီတို့ကို ကျေးရွာကျောင်း အုပ်ကြီးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ကြောင်း သတင်းရရှိသည်။
ရဲအောင်(ကသာ)