ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၅ ရက် ည ၇ နာရီခန့်တွင် သတင်းအရ ဖားကန့်မြို့၏ အရှေ့မြောက်ဘက် မီတာ ၄၅၀၀ ခန့်အကွာရှိ ဥရုဆွတ်အိန်ယန်ကျေးရွာ အဝင်လမ်းမ၌ စောင့်ဆိုင်းစစ်ဆေးစဉ် ဥရုဆွတ် အိန်ယန် ကျေးရွာဘက်မှ လုံးခင်းကျေးရွာဘက်သို့ ဝင်းဇော် (ဘ) ဦးသန်းမောင် မောင်းနှင်၍ အောင်သိန်း (ဘ) ဦးဝင်းအောင်လိုက်ပါ လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ   ဆိုင်ကယ်လက်ကိုင်တွင် ချိတ်ဆွဲထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၉၀၀ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအားလုံး ခင်းနယ်မြေရဲစခန်း မှ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)