နေပြည်တော် အောက်တိုဘာ ၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယန့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုး တွေ့လူနာ ၁၂၅၂ ဦးနှင့် သေဆုံးသူ ၂၇ ဦး ထပ်တိုးကြောင်း သိရသည်။
(၅-၁၀-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၉၈၇ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ည ၆ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။
(၅-၁၀-၂၀၂၀)ရက် ည ၈ နာရီမှ (၆-၁၀-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀၀၇၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၂၅၂ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
(၅၀၀)