အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ကျင်းပ

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ ဇွန် - ၁၂

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ နယ်မြေခံသင်တန်း ကျောင်းဝန်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက် ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲ အား မိုးပျံပူဖောင်းပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီး သရုပ်ပြပစ်ခတ်ခြင်း၊ ပြိုင်ပွဲဝင်အသင်း များ၏ ယှဉ်ပြိုင်ပစ်ခတ်မှုများအား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း အမျိုးသားအသင်း ၇ သင်းနှင့် အမျိုးသမီး အသင်း ၇ သင်းတို့ ဖြင့် ဇွန် ၁၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။