ချယ်လ်ဆီးအသင်းသည် အသင်းခံစစ်ပိုင်းအတွက် နာပိုလီအသင်း ခံစစ်ကစားသမား ကူလီဘာလေကို ခေါ်ယူရန် တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၈ ဒသမ ၅ သန်းဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် အဓိက ခံစစ်ကစားသမားဖြစ်သည့် ရူဒီဂါကို ရီးယဲလ်မက်ဒရစ်အသင်းထံ လက်လွှတ် ခဲ့ရသကဲ့သို့ နောက်ထပ်ဗဟိုခံစစ်မှူးတစ်ဦး ဖြစ်သည့် ခရစ္စတန်ဆန်သည်လည်း ယခုလအကုန် တွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားမည် ဖြစ်သည့်အပြင် တခြားခံစစ်ကစားသမားများ ဖြစ်သည့် အသင်းခေါင်းဆောင် အက်ပလီကွီတာနှင့် အလွန်ဆိုတို့မှာလည်း အနာဂတ်မရေရာမှုများ ရှိနေပြီး အသင်းမှ ထွက်ခွာဖွယ်ရှိ နေသောကြောင့် အသင်း ဗဟိုခံစစ်ပိုင်းအတွက် သီယာဂိုဆေးလ်ဗားတစ်ဦးသာရှိမည်ဖြစ်သည်။
သီယာဂိုဆေးလ်ဗားမှာလည်း အသက်အရွယ်အရ ရေရှည်အသုံးပြုရန် မဖြစ်နိုင်သည့် အခြေအနေများကြောင့် နည်းပြတူချယ်လ်အနေဖြင့် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ခံစစ်ပိုင်းကို မဖြစ်မနေ ပြင်ဆင်ရမည် ဖြစ်သည်။
ချယ်လ်ဆီးအသင်းက အစောပိုင်းကတည်းက အသင်းခံစစ်ပိုင်းအတွက် ဆီဗီလာအသင်းမှ ခွန်ဒေး၊ ဗီလာရီးယဲလ်အသင်းမှ ပါအူတောရက်စ်တို့ကို ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ အဆင်မပြေဖြစ်နေသောကြောင့် ယခုအခါ ကူလီဘာလေကို ခေါ်ယူခြင်း ဖြစ်သည်။
လက်ရှိတွင် နာပိုလီအသင်းနှင့် ကူလီဘာလေတို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိ၍ နာပိုလီအသင်း ကလည်း ထိုက်သင့်သည့် ပြောင်းရွှေ့ကြေးရရှိပါက လက်လွှတ်ဖွယ်ရှိနေပြီး ချယ်လ်ဆီးအသင်းက ကစားသမားနှင့် သဘောတူညီမှုရရှိရန် တစ်နှစ်လုပ်ခ စတာလင်ပေါင် ၈ ဒသမ ၅ သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref;The Sun