အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၄

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့တွင် နယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး မိုးပျံပူဖောင်းများအား ပစ္စတို ဖြင့်ပစ်ဖောက်ကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာကြသူများ နှင့်အတူ ပစ္စတိုသရုပ်ပြပစ်ခတ်စဉ်အား ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင်အားကစားသမား များအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း အမျိုးသားအသင်း ၈ သင်းနှင့် အမျိုးသမီး အသင်း ၈ သင်းတို့ဖြင့် ဇွန် ၁၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။