ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း(လွိုင်မွေ)၊ ရှမ်းချယ်ရီပရဟိတပညာရေးဂေဟာနှင့် အမေ့ရင်ခွင်ကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း(လွိုင်မွေ)၊ ရှမ်းချယ်ရီပရဟိတပညာရေးဂေဟာနှင့် အမေ့ရင်ခွင်ကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇွန် - ၁၄

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း(လွိုင်မွေ)၊ ရှမ်းချယ်ရီပရဟိတပညာရေးဂေဟာနှင့် အမေ့ရင်ခွင်ကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့တွင် အဆိုပါ ကျောင်းများနှင့် ဂေဟာတို့၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါကျောင်းများနှင့် ဂေဟာတို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၄၉၉ ဦးအတွက် ကျောင်းသုံးဗလာစာအုပ်များ စာရေးကိရိယာများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။