COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် စားရေး အဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက ကျွန်းစုမြို့၊ နယ်မြေခံ တပ်ဌာနချုပ်ရှိ တနင်္သာရီခန်းမ၌ သွားရောက်ပေးအပ် လှူဒါန်းသည်။

ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Face Mask ၄၀ ဘူးနှင့် Hand Sanitizer ၄၀၀ ဘူးတို့ကို ပေးအပ်လှူဒါန်းသည်။

အလားတူ ကျွန်းစုမြို့နယ်ရှိ ဒေသခံပြည်သူများအတွက် COVID-19  ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Face Mask ၂၀ဘူး၊ Hand Sanitizer ၆၀ ဘူး၊ အလှူငွေများနှင့် ဆန် ၄၂ အိတ်၊ ဆီ ၄၀ ပိဿာ၊ ဆား ၂ အိတ်၊ ကုလားပဲ ၂ အိတ်၊ ကြက်သွန်ဖြူ/ကြက်သွန်နီ ၂၄၀ ပိဿာနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို  ကဘင်ချောင်းကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုကျောင်းများ၌ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ပေးအပ် လှူဒါန်းရာ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။