နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မင်းပြားတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မင်းပြားတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 
နေပြည်တော်၊ ဇွန် -၁၅

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းပြားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ရိပ်သာ၌ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း) က အမှာစကားပြောကြားရာတွင် တပ်မတော်သားများဖြစ်၍ သွားလာနေထိုင်မှုမှအစ လုပ်ငန်းတာဝန် ထမ်းဆောင် မှုများတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရဘဲ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းလိုက် မိသားစုပုံစံ ဖွဲ့စည်းဆေင်ရွက်ရသဖြင့် အချင်းချင်း နားလည်မှုနှင့် စည်းလုံးညီညွတ်နေရန်လိုကြောင်း၊ စည်းလုံးညီညတ်ရန်အတွက် နိုင်ငံတော်နှင့် တပ်မတော်မှ ဖြည့်ဆည်းပေးသော ထောက်ပံ့ပေးမှုများကို အချိန်မှီ မှန်မှန် ကန်ကန် ရရှိအောင် တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ တာဝန်ပေး အပ်ရာ တွင်လည်း လူမှန်နေရာမှန်ဖြင့် မျှတစွာတာဝန်ပေးရန်လိုကြောင်း၊ တပ်မှူးများသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ဘဝ လုံခြုံရေးကို တပ်မတော်၏ ညွှန်ကြားချက် စည်းမျည်း စည်းကမ်းများနှင့် အညီဆောင်ရွက်ပေးရန်တာဝန်ရှိ၍ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပေးအပ်သောတာဝန်ကို နောက်ဆံမတင်းဘဲ ကျေပွန်စွာ ထမ်းဆောင် နိုင်မည် ဖြစ်ကြောင်း၊ ထောက်ပံ့ပေးသည့်ရသင့်ရထိုက်သည်များ အချိန် မှန်ရရှိရန်မှာ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ငန်းတာဝန်များကို မလစ်ဟင်း အောင် ကြပ်မတ်နေရမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့် စစ်ပညာများကို မေ့ထား ၍မရဘဲ လက်တွေ့အသုံးချနိုင်ရန် လိုကြောင်း၊ ထိုသို့အသုံးချနိုင်ရန်မှာ အမြဲတမ်း လေ့ကျင့်မှုဖြင့်သာ ရရှိနိုင်မည်ဖြစ်၍ စဉ်ဆက်မပြတ်လေ့ကျင့်ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်အတွက် အသင့်ဖြစ်နေစေရေး ပြင်ဆင်ထားရန်လိုကြောင်း။
ပညာရေးကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲအနေဖြင့် ရှေးယခင်ကပင် အားပေးချီးမြှောက်မှုများ ပြုလုပ်ခဲ့ပြီး ပညာရေးထောက်ပံ့မှုများ သတ်မှတ် ဆောင်ရွက် ပေးခဲ့ကြောင်း၊ ထူးချွန်သူများကိုလည်း ချီးမြင့်မြှောက်စားသကဲ့သို့ အဆင့်မြင့် ပညာရေးတွင် ထူးချွန်သူများကို မဟာတန်း၊ ပါရဂူတန်းများအထိ သင်ကြားနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့ဖြစ်၍ တပ်မတော်သားများနှင့် မိသားစုဝင်များ အနေဖြင့် ရရှိသည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ အကျိုးရှိအောင် ဆောင်ရွက် သွားရန်လိုကြောင်းနှင့် တပ်တွင်းနေမိသားစုသားသမီးများအနေဖြင့်လည်း အနည်းဆုံး KG+9 အောင်မြင်စေရန် သက်ဆိုင်ရာမိဘများသာမက တပ်ပိုင်းဆိုင်ရာဦးစီးဦးဆောင် ပြုနေသည့် တာဝန်ရှိသူများကပါ ကူညီပံ့ပိုးပေးကြရန်လိုအပ်ကြောင်း။
ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ တပ်မတော်သားတို့၏ လုပ်ငန်း သဘော သဘာဝအရ ကျန်းမာကြံ့ခိုင်နေရန် အရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ မိသားစုအရေး၊ နိုင်ငံအရေးတာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်ဌာနချုပ်များတွင်လိုအပ်သော ဆေးမှူး၊ သူနာပြု၊ သားဖွားဆရာမများဖြင့် လုံလောက်စွာဖွဲ့စည်း၍ ဆေးဝါးကိရိယာများ ဖြည့်ဆည်းပေးထားပြီးဖြစ်ကြောင်း၊ မိုးတွင်းကာလ မိုးရာသီအလိုက် ဖြစ်ပွားတပ်သော ရောဂါများကျန်းမာရေး အသိ ရှိစွာဖြင့် ကြိုတင် ကာကွယ်သွားရန် လိုကြောင်း၊ ကျန်းမာရေးအတွက် တစ်ဦးခြင်းနှင့် မိသားစုအလိုက် ကိုယ်တိုင် ထိမ်းသိမ်းဂရုစိုက်၍ နေထိုင်စား သောက်သွားကြရန် လိုကြောင်းဖြင့်မှာကြားပြီး တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည်၊ မိသား စု များ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူ တို့က လက်ခံရယူကြသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။