တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇွန်  - ၁၆

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဓမ္မနန္ဒီ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်ရှိ ဇေယျမင်္ဂလာပရိယတ္တိစာသင်တိုက်၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်ရှိ ရတနာ့ ဂုဏ်ရည်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်သုခကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ မင်္ဂလာဦးဘုန်းတော်ကြီးကျောင်းနှင့် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ ကျောက်တော်မြို့၊ ညောင်ပင်လှရွာဦးဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ သစ်ထုတ်လုပ်ရေးဘုန်းကြီးကျောင်း၊ တာဝတိံသာဘုန်းတော်ကြီးကျောင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျွဲခြံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ တောင်တွင်းကြီးမြို့နယ်၊ ညောင်မှော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။