စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကန်ပတ်လမ်း (မြောက်ပိုင်း) နှင့် စံပြလမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကန်ပတ်လမ်း (မြောက်ပိုင်း) နှင့် စံပြလမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကန်ပတ်လမ်း (မြောက်ပိုင်း)နှင့် စံပြလမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းမုဒ်ဦးရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်ကွက်နေပြည်သူများ တက်ရာက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် မုံရွာမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကန်ပတ်လမ်း(မြောက်ပိုင်း) နှင့် စံပြလမ်းနိုင်လွန်ကတ္တရာလမ်းသစ်များ ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်လင်းတင်ပြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကန်ပတ်လမ်း(မြောက်ပိုင်း)နှင့် နိုင်လွန် ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လှည့်လည်ကြည့်ရှုစစ်ဆေး ကြသည်။

အဆိုပါ ကန်ပတ်လမ်း(မြောက်ပိုင်း)သည် အရှည် ၄၅၅၀ ပေ၊ အကျယ် ၁၈ ပေ နှင့် စံပြလမ်းနိုင်လွန်ကတ္တရာလမ်းသစ်သည် အရှည် ၂၇၀၀ ပေ၊ အကျယ် ၁၈ ပေရှိပြီး ကတ္တရာလမ်းမှ နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။