မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နတ်ကြီးကုန်း ရပ်ကွက်နှင့် နောင်စွန်းရပ်ကွက်တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နတ်ကြီးကုန်း ရပ်ကွက်နှင့် နောင်စွန်းရပ်ကွက်တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဇွန် - ၁၆

မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နတ်ကြီးကုန်း ရပ်ကွက်နှင့် နောင်စွန်းရပ်ကွက်တို့ရှိ မြေနိမ့်ပိုင်းများ၌ ယနေ့နံနက် ၁၀ နာရီခန့် တွင် နန့်ရင်းချောင်းရေများ စိုးရိမ်ရေအမှတ် ၅၀၀ စင်တီမီတာအထိ မြင့်တက် လာပြီး ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ နန့်ရင်းချောင်းရေများ ဝင်ရောက်ခဲ့သည့် နေရာများ၌ ယနေ့တွင် မိုးညှင်းမြို့၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့များက အဆိုပါရပ်ကွက် များရှိ ရေဘေးကင်းလွတ်ရာ မြေမြင့်ပိုင်းများသို့ ရွှေ့ပြောင်းကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ကာ ယာယီနေရာချထားပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို  မိုးညှင်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။ အဆိုပါ နန့်ရင်းချောင်းရေသည် နေ့လယ် ၁၂ နာရီချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၄၉၀ စင်တီမီတာသို့ ပြန်လည်ကျဆင်းခဲ့ ကြောင်း သတင်းရရှိသည်။