နေပြည်တော် ဇွန် ၁၇
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးမြင့်ကြိုင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးကျော်မျိုးထွဋ်၊ ဦးစန်းလွင်၊ ဦးအောင်ကျော်ထွန်း၊ ဒေါက်တာအောင်ဇေယျနှင့် ဦးသန့်စင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ဌာနခွဲများမှဝန်ထမ်း များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့ တတိယနေ့ပွဲစဉ်များအဖြစ် အမျိုးသား(၅၄-၅၈) ကီလိုတန်းတွင် အောင်ထက်မြတ်(ရန်ကုန်)နှင့် ရှိုင်းရဝေဖြိုး(ဧရာဝတီ)တို့ကလည်းကောင်း၊ အမျိုးသား(၄၆-၅၀)ကီလိုတန်းတွင် လင်းထက်အောင် (ရှမ်း)နှင့် မြတ်မင်းဟန်(ရန်ကုန်)တို့က လည်းကောင်း၊ အမျိုးသား(၆၃-၆၈)ကီလိုတန်းတွင် အောင်ကောင်းခန့်(ရန်ကုန်)နှင့် စိုင်းစံမြင့်(ရှမ်း)တို့ကလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃)ကီလိုတန်းတွင် စုစုဝင်း(ရှမ်း)နှင့် ချမ်းငြိမ်းခင် (ရန်ကုန်)တို့က လည်းကောင်း၊ အမျိုးသမီး(-၄၀)ကီလိုတန်းတွင် အောင်ဂျွန်ဖြိုး(ဧရာဝတီ)နှင့် ဝင့်သိင်္ဂီထွန်း (ရန်ကုန်)တို့က လည်းကောင်း ယှဉ်ပြိုင်ကစားကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား (၇၄-၈၀)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်ပူးတွဲတတိယဆု ရရှိကြသူများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက လည်းကောင်း၊ အမျိုးသမီး(+ ၇၃)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက လည်းကောင်း၊ အမျိုးသမီး(၆၇-၇၃)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယ ဆုရရှိကြသူများကို ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစန်းလွင်ကလည်းကောင်း၊ အမျိုးသားအသင်းလိုက် သုံးယောက်တွဲ ကကွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်ကလည်းကောင်း၊ အမျိုးသမီးအသင်း လိုက်သုံးယောက်တွဲ ကကွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အမျိုးသား(၅၄-၅၈) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကလည်းကောင်း၊ အမျိုးသား(၄၆-၅၀) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ကလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်ပြီး အမျိုးသား(၆၃-၆၈) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့်အမျိုးသမီး (-၄၀)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာဗညားအောင်မိုးတို့က ဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသား အကောင်းဆုံး အားကစားသမားဆု ရရှိသည့် ရှိုင်းရဝေဖြိုး(ဧရာဝတီ)နှင့် အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသည့် ထူးသဉ္ဇာအောင် (ရန်ကုန်) တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁)သိန်းစီ အားလည်းကောင်း၊ ရွှေ ၆ ခု၊ ငွေ ၂ ခု နှင့် ကြေး ၃ ခုတို့ဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်း ရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်ကလည်းကောင်း၊ ရွှေ ၇ ခု၊ ငွေ ၃ ခုနှင့် ကြေး ၂ ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်ကလည်းကောင်း၊ စုစုပေါင်း ရွှေ ၁၃ ခု၊ ငွေ ၅ ခုနှင့် ကြေး ၅ ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က လည်းကောင်း တံခွန်စိုက်ဒိုင်းဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ကျော်လွင်