ကျိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်
နေပြည်တော်၊ ဇွန် - ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေး တပ်ဖွဲ့က အဆိုပါမြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ယာ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ နယ်မြေခံဆေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့် မိသားစုဝင် ၁၅၂ ဦးတို့အား နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ပေးခြင်းများဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများကို ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသနိုင်ရေး လိုအပ် သည်များဆောင်ရွက်ပေးပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။