ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန ရေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်း၊ အမှတ်စဉ်(၂)ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန ရေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်း၊ အမှတ်စဉ်(၂)ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်း၊ အမှတ်စဉ်(၂)ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသပွဲကို ယနေ့ နံနက်ပိုင်းတွင် ပုသိမ် မြို့၊ ကန်သုံးဆင့်ရေကန်၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူ များက တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန ရေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်း၊ အမှတ်စဉ်(၂)ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သရုပ်ပြအဖွဲ့များအား လမ်းညွှန်အမှာစကား ပြောကြားပြီး ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေရေးလုပ်ငန်းသုံး ပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။