နေပြည်တော် အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအနီးရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ် ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကန်ပိုက်တည်မြို့ဘက်မှ ဝိုင်းမော်မြို့ ဘက်သို့ ဂျုံးလွမ်း(ဘ) ဦးဇေဂျုံးမောင်းနှင်လာသည့် KENBO-125 မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ၎င်းထံမှ ဘိန်းစိမ်း ၈၅၀ ဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂ သိန်းကျော်ခန့်)နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ဝိုင်းမော်မြို့နယ် ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)