တောင်ကြီး၊ စိုက်ပျိုးရေး
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စု ထီပေါကျေးရွာ၌ စိုက်ပျိုး ထွက်ရှိသော သနပ်ဖက်များ ဈေးနှုန်းကျဆင်းသဖြင့် အမြတ်နည်းပါးကြောင်း သနပ်ဖက်စိုက်ပျိုး တောင်သူများထံမှ သိရသည်။
“ကျွန်မတို့က သနပ်ဖက်စိုက်ပျိုးတာ ကြာပါပြီ။ သနပ်ဖက်က နှစ်ရှည်ပင်ဖြစ်လို့စိုက်ပျိုးရတာ အဆင် ပြေပါတယ်။ သနပ်ဖက်က ၇ လပိုင်းဆို စပြီးခူးလို့ရပါပြီ၊ ခူးပြီးရင် အညှာခွာရတယ်။ ပြီးရင် လှော်ရ တယ်၊ လှော်တဲ့အချိန်မှာ ထင်းနဲ့ပဲလှော်ရတော့ ထင်းအခက်အခဲရှိပါတယ်။ လှော်ချိန်ဆိုလည်း တစ် ညလုံးမအိပ်ဘဲ လှော်ရတယ်၊ လှော်ပြီးသားသနပ်ဖက်တွေကို အကြီးအသေးနှစ်မျိုးခွဲပြီး ပွဲစားတွေ ကတစ်ဆင့် ရောင်းရပါတယ်။ အရင်နှစ်က သနပ်ဖက် တစ်ပိဿာကို ငွေကျပ် ၈၀၀၀ လောက်ရ တယ်။ ဒီနှစ်တော့ တစ်ပိဿာကို ငွေကျပ် ၃၈၀၀ လောက်ပဲရတယ်။ အမြတ်နည်းတာပေါ့” ဟု တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စု ထီပေါကျေးရွာမှ သနပ်ဖက်စိုက်ပျိုးတောင်သူ နန်းထား ကြည်က ပြောသည်။
အဆိုပါ သနပ်ဖက်များသည် နှစ်ရှည်ပင်များဖြစ်ပြီး တစ်ခါစိုက်ပျိုးထားပြီး ပြုစုမှုကောင်းမွန်ပါက နှစ်ပေါင်းများစွာ ခူးဆွတ်ရကြောင်း သိရသည်။ သနပ်ဖက်ပင်များသည် ဇွန်လတွင် အတက်များ စတင်ထွက်ရှိပြီး မြေသြဇာကျွေးခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းရှင်းခြင်းများကို လုပ်ဆောင်ပေးရပြီး အောက်တိုဘာလအထိ ခူးဆွတ်ရကြောင်း၊ နိုဝင်ဘာလတွင် အပင်များကို ခုတ်ထွင်ထားရကြောင်း နှင့် တစ်နှစ်တစ်ခါ အတက်ထွက်ပြီး ၃ လ ၄ လကြာ ခူးဆွတ်ရောင်းချရကြောင်း သိရသည်။
(၄၀၅)