ပီအက်စ်ဂျီအသင်းက အသင်းအသုံးစရိတ်လျှော့ချရန် နေမာကို ရောင်းချလိုသော်လည်း ၎င်းက ထွက်ခွာရန် ငြင်းဆိုထားသည့် အတွက် အခက်ကြုံနေ

ပါရီ၊ ဘောလုံး

ပီအက်စ်ဂျီအသင်းက တိုက်စစ်ကစားသမား အမ်ဘတ်ပီကို စံချိန်တင်လုပ်ခလစာ၊ စံချိန်တင်လက်မှတ်ထိုးကြေးများဖြင့် သက်တမ်း တိုးစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အသင်းဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီရန် အသုံးစရိတ်လျှော့ချရမည်ဖြစ်သည့်အတွက် မြင့်မားသည့် လုပ်ခလစာတစ်ရပ်ပေးချေနေရသည့် တိုက်စစ်ကစားသမားနေမာကို ရောင်းချရန်ပြင်ဆင်နေသော်လည်း ၎င်းကိုယ်တိုင်က အသင်းမှ ထွက်ခွာရန် ငြင်းဆိုထားသည့်အတွက် အခက်ကြုံနေရကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းသည် အမ်ဘတ်ပီကို စံချိန်တင် လုပ်ခလစာတစ်ရပ်ဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ ပြီးနောက် နေမာ၊ အမ်ဘတ်ပီ၊ ရာမို့စ်၊ မက်ဆီ စသည့်ကစားသမားများကို ပေးချေရသည့် လုပ်ခလစာများကြောင့် အသင်းဘဏ္ဍာရေးနှင့် ကိုက်ညီမှု မရှိတော့သည့်အတွက် အသုံးစရိတ်ကို မဖြစ်မနေလျှော့ချရမည်ဖြစ်သည်။

ပီအက်စ်ဂျီအသင်းနှင့် နေမာတို့သည် ပြီးခဲ့သည့် ဘောလုံးရာသီက ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားသော်လည်း ပီအက်စ်ဂျီအသင်း အနေဖြင့် နေမာကို ရောင်းချနိုင်မည်ဆိုပါက အသင်း အသုံးစရိတ်များစွာ လျော့ကျသွားမည်ဖြစ်သည့်အတွက် လက်ရှိ နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချလိုနေခြင်းဖြစ်သည်။

နေမာကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းမှ ထွက်ခွာရန် ငြင်းဆိုထားသကဲ့သို့ လက်ရှိ ၎င်း၏လုပ်ခလစာကြောင့် ခေါ်ယူလိုသည့် အသင်းမှာ အနည်းငယ်သာရှိသဖြင့် ပီအက်စ်ဂျီအသင်းအတွက် နေမာကိုရောင်းချရန် အခက်ကြုံနေခြင်းဖြစ်သည်။

Ref;90Min