လန်ဒန်၊ ဘောလုံး
ချယ်လ်ဆီးအသင်းသည် ဘာစီလိုနာအသင်းမှ ဒမ်ဘီလီကို လက်လွှတ်ခဲ့ပြီးနောက် မန်စီးတီးအသင်းမှ တောင်ပံကစားသမား စတာလင်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် အစောပိုင်းက ဦးစားပေးအဖြစ် ဘာစီလိုနာအသင်းမှ ဒမ်ဘီလီကို ခေါ်ယူလိုသော်လည်း ဒမ်ဘီလီက ဘာစီလိုနာအသင်းနှင့်သာ လက်တွဲရန်ဆုံးဖြတ်ခဲ့ပြီးနောက် စတာလင်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းကလည်း အသင်းတိုက်စစ်ပိုင်း အတွက် ဒေါ့မွန်အသင်းမှ ဟာလန်းကို ခေါ်ယူနိုင်ခဲ့ ပြီးနောက် ပြောင်းရွှေ့ကြေး အသုံးစရိတ်ပြန်လည်ရရှိ ရန် စတာလင်းအပြင် ဂျီးဆပ်ကိုပါရောင်းချသွားမည် ဟု အစောပိုင်းကတည်းက ကြေညာထားခဲ့ခြင်းဖြစ် သည်။ ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်ကလည်း လက်ရှိ နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမား ခြောက်ဦးခန့်အထိ ခေါ်ယူရန် စီစဉ်ထားပြီး အသင်းတောင်ပံတိုက်စစ်ပိုင်းအတွက် စတာလင်းကို ခေါ်ယူရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် စတာလင်းနှင့် အစောပိုင်းကတည်းက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီးနောက် မန်စီးတီး အသင်းနှင့် ပြောင်းရွှေ့ကြေး ညှိနှိုင်းလျက်ရှိပြီး ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ ဖြင့် အပြောင်းအရွှေ့ အပြီးသတ်နိုင်ရန် နီးစပ်လျက်ရှိကြောင်း သိရသည်။
Ref;Sky Sports