ပါရီ၊ ဘောလုံး
ပီအက်စ်ဂျီအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေသော တိုက်စစ်မှူး ဗင်နီစီးယက်စ်ကို မြင့်မားသည့် လုပ်ခလစာတစ်ရပ် အဖြစ် တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၃၄ သန်း ပေးပြီး ခေါ်ယူမည့်အပြင် ကာတာနိုင်ငံ၌ လည်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုပေးရန် ကမ်းလှမ်းထားကြောင်း သိရသည်။
အသက် ၂၁ နှစ်အရွယ် ဗင်နီစီးယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်း စပိန်လာလီဂါချန်ပီယံဆုနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ပြီးနောက် ရီးယဲလ်မက်ဒရစ် အသင်းက အသင်းတွင် ကာလရှည်ထိန်းသိမ်းလိုနေသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီမှုရရှိရန် နီးစပ်နေခြင်းဖြစ်သည်။
ပီအက်စ်ဂျီအသင်းက ပြီးခဲ့သည့် ခုနစ်လခန့်ကတည်းက ဗင်နီစီးယက်စ်ကို ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ကာ လက်ရှိတွင်လည်း ရီးယဲလ်မက်ဒရစ် အသင်း၏ သက်တမ်းတိုးစာချုပ်ချုပ်ဆိုမှုကို ကစားသမားကိုယ်တိုင် ငြင်းဆန်ထားပြီး ပီအက်စ်ဂျီအသင်း၏ တစ်ပတ်လုပ်ခ စတာလင်ပေါင် ၃၄ သန်းနှင့် အပိုဆုကြေးငွေများအပြင် ကာတာနိုင်ငံ၌လည်း စီးပွားရေးလုပ်ငန်းတစ်ခုပေးပြီး ကမ်းလှမ်းမှုကို လက်ခံ ဖွယ်ရှိနေသည်။
လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဗင်နီစီးယက်စ်တို့ စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်ရှိနေပြီး ရီးယဲလ်မက်ဒရစ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိထားသော်လည်း တရားဝင်လက်မှတ် မရေးထိုးရသေးသည့်အတွက် ပီအက်စ်ဂျီ အသင်းက ခေါ်ယူရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
Ref;Marca