အမ်းမြို့နယ်၊ တပ်တောင်မြို့အနီး၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီနှစ်ဦးဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် တရားမဝင် ဘင်္ဂါလီများရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် တပ်တောင်မြို့၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ အမ်း-တပ်တောင်ကားလမ်း တောစပ် အနီး၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီအမျိုးသားများဖြစ်သည့် လာလာရာ(ဘ) မာမက် ကာဆိန်းနှင့်ဂျူနိုစ် (ဘ)ဇူပိုင်တို့နှစ်ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာသို့ အပ်နှံသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။                            

(၁၀၀)