နေပြည်တော် အောက်တိုဘာ ၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုး တွေ့လူနာ ၁၄၀၀ ဦးနှင့် သေဆုံးသူ ၃၉ ဦးထပ်တိုးကြောင်း သိရသည်။
(၆-၁၀-၂၀၂၀)ရက်အတွက် ဓာတ်ခွဲအတည်ပြုလူနာ ၁၂၅၂ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှု အခြေ အနေကို ယနေ့ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။
(၆-၁၀-၂၀၂၀)ရက် ည ၈ နာရီမှ (၇-၁၀-၂၀၂၀) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂၃၂၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၀၀ ဦး တွေ့ရှိရ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
၅၀၀