မန်ယူအသင်းနှင့် မန်စီးတီးအသင်းကစားသမားဟောင်း ကားလို့စ်တိဗက်ဇ်ကို ရိုဆာရီယိုစန်ထရယ်အသင်း နည်းပြအဖြစ် ခန့်အပ် ကြောင်း အတည်ပြုကြေညာ

ဗျူနိုအေးရိစ်၊ ဘောလုံး

မန်ယူအသင်းနှင့် မန်စီးတီးအသင်းကစားသမားဟောင်း ကားလို့စ်တိဗက်ဇ်သည် ကစားသမားဘဝမှ အနားယူပြီးနောက် ရက်ပိုင်း အတွင်း အာဂျင်တီးနား ကလပ်   ရိုဆာရီယိုစန်ထရယ်အသင်းက နည်းပြအဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် ၃၈ နှစ်အရွယ် ကားလို့စ်တိဗက်ဇ်သည် ကစားသမားဘဝက ထိပ်တန်းအသင်းကြီးများဖြစ်သည့် မန်ယူ၊ မန်စီးတီးနှင့် ဂျူဗင်တပ်စ် အသင်းတို့တွင်ကစားခဲ့ကာ ယခုလဆန်းပိုင်းက ဘိုကာဂျူနီယာအသင်း၌ နောက်ဆုံးကစားခဲ့ပြီး ကစားသမားဘဝမှ အနားယူခဲ့ခြင်း ဖြစ်သည်။

ကားလို့စ်တိဗက်ဇ်သည် ကစားသမားဘဝက မန်ယူနှင့် မန်စီးတီးအသင်းတို့တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိကစားခဲ့ပြီး   အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ကာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

ကားလို့စ်တိဗက်ဇ်သည် ယခုလအစောပိုင်းက ဘိုကာဂျူနီယာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ ပရော်ဖက်ရှင်နယ် ကစား သမားဘဝမှ အပြီးတိုင် အနားယူပြီဟု အတည်ပြုကြေညာပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ရိုဆာရီယိုစန်ထရယ် အသင်းနည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပြီး ဇွန် ၂၅ ရက်မှစတင်ကာ အသင်းနှင့်ပထမဆုံးပွဲစဉ်ကို စတင်တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။                             

Ref;90Min