မီလန်၊ ဘောလုံး
အင်တာမီလန်အသင်း ကစားသမားဟောင်း တစ်ဦးဖြစ်သည့် ချယ်လ်ဆီးအသင်းတိုက်စစ်မှူး လူကာကူကို တစ်နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကြေး ယူရို ရှစ်သန်းနှင့်အတူ အပိုဆုကြေးဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အသက် ၂၉ နှစ်အရွယ် လူကာကူသည် ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက အင်တာမီလန်အသင်းမှ အသင်း ဟောင်း ချယ်လ်ဆီးအသင်းသို့ မြင့်မားသောပြောင်းရွှေ့ကြေးတစ်ရပ် ဖြစ်သည့် ယူရို ၉၇ သန်းဖြင့် လေးနှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ကစားခဲ့သော်လည်း အသင်းနှင့် တစ်ရာသီသာကစားပြီးနောက် အင်တာမီလန်အသင်းသို့ တစ်ကျော့ပြန်လည် ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။
လူကာကူသည် ၂၀၁၉ ခုနှစ်က မန်ယူအသင်းမှ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ၎င်းသည် အင်တာမီလန် အသင်းတွင် ထိပ်တန်းအဆင့်ရှိခြေစွမ်းပြနိုင်ခဲ့ကာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက အင်တာမီလန်အသင်း ဆယ်စုနှစ်တစ်ခုအကြာ စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်နိုင်ခဲ့ပြီး အီတလီစီးရီးအေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပင် ရရှိခဲ့သူဖြစ်သည်။
အင်တာမီလန်အသင်းနှင့် ခြေစွမ်းပြနိုင်ခဲ့သည့် လူကာကူကို ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်း အရွှေ့ကာလက ချယ်လ်ဆီး အသင်းက မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူခဲ့သော်လည်း အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ယခုအခါ တစ်နှစ်အငှားစာချုပ်ဖြင့် ပြန်လည် ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref;Dailymail