မြို့နယ်အချို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

မြို့နယ်အချို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

နေပြည်တော်၊ ဇွန် ၂၃

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက် အကြမ်း ဖက်များက အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ် တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ပညာသင်ကြားမှုကိုအဟန့်အတား ဖြစ်စေသည့် ဆန့်ကျင်ခြိမ်းခြောက်စာများကို စာသင်ကျောင်းအချို့၌ ရေးသားချိတ်ဆွဲ၍ ခြိမ်း ခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၂ ရက် နံနက် ၉ နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာ မူလွန်ကျောင်း Grade-4 စာသင်ခန်းအတွင်းနံရံထောင့်၌ အကြမ်းဖက်သမားများက ခြိမ်းခြောက်စာတစ်စောင်နှင့်အတူ Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းတစ်လုံး လာရောက်ချထားသည်ကို တွေ့ရှိ ရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး လက်လုပ်မိုင်းအား စနစ်တကျ ရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ လည်းကောင်း၊ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လေးပင်ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်းခွဲ၌လည်ကောင်း၊ အမရပူရမြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်ရှိ မြစ်ငယ် အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ နံနက် ၉ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ သဲဖြူကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ လည်းကောင်း PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းတက်ရောက်မှုကို ခြိမ်းခြောက်သည့် ခြိမ်းခြောက်စာများ လာရောက်ချိတ်ဆွဲထားကြောင်း သိရသည်။     

အထက်ပါဖြစ်စဉ်မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ် စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်း ဖက်ခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။