ကျွန်းစုမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာန)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက နယ်မြေခံတပ်ဌာနချုပ် ရိပ်သာများ၌ သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန် ၆ အိတ်၊ ဆီ ၁၁ ပိဿာ၊ ဆား ၁၇ ထုပ်၊ ကုလားပဲ ၁၇ ပိဿာ၊ ကြက်သွန်နီ ၁၇ ပိဿာ၊ ကြက်သွန်ဖြူ ၉ ပိဿာ၊ စားသောက်ဖွယ်ရာ များနှင့် ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် Face Mask ၂၀ ဘူး၊Hand Sanitizer ၄၀၀ ဘူးတို့ကို လည်းကောင်း၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန် ၁၂ အိတ်၊ ဆီ ၁၆ ပိဿာ၊ ဆား ၁၆ ပိဿာ၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို လည်းကောင်း အသီးသီးပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များက လက်ခံရယူကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
    ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။