COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား ဆက်လက်လက်ခံ

နေပြည်တော်၊  အောက်တိုဘာ - ၈
တပ်မတော်အနေဖြင့် Coronavirus Disease 2019 (COVID-19)   ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးတို့အတွက် သီးသန့်စောင့်ကြည့်ရမည့် သူများအား လက်ခံ လျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌  သီးသန့်စောင့်ကြည် ရမည့်သူ ၃၉၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၅၇ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ စောင့်ကြည့်ထားသူများ အနက်မှ COVID-19 ရောဂါ ပိုးတွေ့ရှိသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦးကို ပုဗ္ဗသီရိ မြို့နယ်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ကုတင်-၃၀၀)သို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိ သည်။