တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့်ပတ်သက်၍ ထပ်မံ ရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးခြင်း

တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့်ပတ်သက်၍ ထပ်မံ ရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးခြင်း

တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း ဝင်ခွင့်လျှောက်လွှာများ

ထုတ်ယူ/တင်သွင်းခြင်းကို၁၉-၆-၂၀၂၂ ရက်နေ့အထိ နောက်ဆုံး ထုတ်ယူ/တင်သွင်းရန် ကြော်ငြာထားရှိခဲ့သော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းထုတ်ပြန်ချိန်တွင် စာမေးပွဲ အောင်မြင်သူများ ထပ်မံလျှောက်ထားနိုင်ရန်အတွက် လျှောက်လွှာထုတ်ပေး/တင်သွင်းခြင်းအား ၁၀-၇-၂၀၂၂ ရက်နေ့အထိ ရက်ထပ်မံတိုးမြင့်ပေးရန် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ နီးစပ်ရာတိုင်း/ စစ်ဌာနချုပ်များတွင် လျှောက်လွှာများ ဆက်လက်ထုတ်ယူ/တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်းနှင့် လျှောက်လွှာထုတ်ယူထားသူများ အနေဖြင့်လည်း လျှောက်လွှာများအား အချိန်မီ ပြန်လည်တင်သွင်းကြရန် အသိပေးအပ်ပါသည်။

တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)