နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဝဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်ရှိ သံဃာ တော်များ၊ သာမဏေများအား COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေး၊ ရောဂါပိုးတွေ့ရှိရခြင်း မရှိ

နေပြည်တော်၊ အောက်တိုဘာ - ၈    
COVID-19 ရောဂါပိုးတွေ့ရှိမှုသည် များများစစ်နိုင်ပါက များများတွေ့နိုင်မည်ဖြစ် ပြီး ရောဂါပိုးတွေ့ရှိရသူများကိုလည်း အမြန်ဆုံး ကုသမှုများ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်နိုင်ပါက ရောဂါပိုမိုပြန့်ပွားလာစေမည်ဖြစ်ကြောင်း၊ စောစောစစ်၊ စောစောကု၊ စောစောကာကွယ်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်မည်ဖြစ်ပြီး လက်ရှိအချိန်၌ စာသင်တိုက် များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အများနှင့်သက်ဆိုင်သောနေရာများတွင် ရောဂါကူးစက်မှု နှုန်းမြင့်မားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အားထည့် ဆောင်ရွက်ရန်နှင့် ၎င်းနေရာများကို စစ်ဆေးပေးနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော COVID-19 ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဝဇီရာနန္ဒဓမ္မစင်တာ ကျောင်းတိုက်တွင် သတင်းသုံးလျက်ရှိသည့် သံဃာတော်များ အနက်မှ သာမဏေ ၁၈ ပါးသည် အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းတွင် အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ကိုယ်အပူချိန်တက် ခြင်းများဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသဖြင့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ ဆေးဝန်ထမ်းတပ်ဖွဲ့များက အဆိုပါကျောင်းတိုက်သို့ သွားရောက်၍ ရဟန်းသံဃာတော် ၁၂ ပါး၊ သာမဏေ ၆၂ ပါး၊ စုစုပေါင်း ၇၄ ပါးတို့ကို ကျန်းမာရေးစစ်ဆေး ပေးပြီး အာခေါင်တို့ဖတ်နမူနာရယူ၍ ဓာတ်ခွဲအတည်ပြုစစ်ဆေးပေးခဲ့ရာ ကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများတွင် COVID-19 ရောဂါပိုး တွေ့ရှိခြင်းမရှိ(မရှိ)ကြောင်း သိရှိရသည်။
ဆက်လက်၍လည်း တပ်မတော်မှ ဆေးအဖွဲ့များဖြင့် စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အများနှင့်သက်ဆိုင်သောနေရာများတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် စစ်ဆေးခြင်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။