၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲစတင် ရန်ကုန်ယူနိုက်တက်က မြဝတီအက်ဖ်စီကို နှစ်ဂိုးပြတ်အနိုင်ရ

နေပြည်တော်  ဇွန် ၂၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီ တွင် သုဝဏ္ဏကွင်း၌ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁) ပွဲစဉ်အဖြစ် မြဝတီအက်ဖ်စီ- ရန်ကုန် ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက်မှ မြဝတီအက်ဖ်စီအား ၂ ဂိုး မရှိဖြင့် အနိုင်ရရှိသည်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်-၁ပြိုင်ပွဲကို ပြိုင်ပွဲကလပ်အသင်း ၁၀ သင်းဖြစ် သော ရှမ်းယူနိုက်တက်၊ ဟံသာဝတီယူနိုက် တက်၊ ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက် တက်၊ ရတနာပုံအက်ဖ်စီ၊ ရခိုင်ယူနိုက် တက်၊ မဟာယူနိုက်တက်၊ မြဝတီအက်ဖ်စီ၊ ISPE FC နှင့် ဂျီအက်ဖ်အေအက်ဖ်စီ အသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 ပြိုင်ပွဲတွင် ပထမအကျော့ပွဲစဉ်များကို ဇွန် ၂၅ ရက်မှ သြဂုတ် ၂၅ ရက်အထိ လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်များကို  စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၆ ရက် အထိလည်းကောင်း သုဝဏ္ဏကွင်း၌ တစ်ပတ် လျှင်ငါးပွဲနှုန်းဖြင့်  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်