ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်

နေပြည်တော်၊ ဇွန် - ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မှန်စက်ရုံဝန်းရှိ ဆိပ်ခံဘောတံတား၌ ပြုလုပ်သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြပြီး ငါးမြစ်ချင်း ၂၅၀၀၀၀ ကောင်၊ ငါးခုံးမကြီး ၂၀၀၀၀၀ ကောင်၊ ရွှေဝါငါးကြင်း ၅၀၀၀၀ ကောင်၊ စုစုပေါင်း ငါးအကောင် ၅၀၀၀၀၀ အား ငဝန်မြစ်အတွင်း သို့ ငါးမျိုးများ စိုက်ထည့်ခဲ့ကြကြောင်း သတင်းရရှိသည်။