အကြမ်းဖက်အဖွဲ့အစည်းများ၏လုပ်ကြံသတ်ဖြတ်ခြင်းခံရသူများအားရည်စူး၍ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့်အမျှအတန်းပေးဝေခြင်းပြုလုပ်
နေပြည်တော်၊ ဇွန် - ၂၆
အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ကြံသတ်ဖြတ်ဖျက်ခြင်းများကြောင့် ပျံလွန်တော်မူသွားကြသော ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများ၊ ကျဆုံးသွား ကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ YMBA အသင်းအဆင့်ဆင့်မှ အမှုဆောင်များနှင့်အသင်းဝင်များ၊ စီမံအုပ်ချူပ်ရေးအဆင့်ဆင့်မှပုဂ္ဂိုလ်များ၊ စစ်မှုထမ်းဟောင်းများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် ပြည်သူများကို ရည်စူး၍ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) က ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အမျှအတန်းပေးဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြောက်ဘက်မုဒ်ရှိ YMBA အသင်းရုံး၌ ပြုလုပ်ရာအဂ္ဂမဟာကမ္မဌာနာစရိယ အောင်ဆန်းတောရတပ်ဦးကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြုသော သံဃာတော်အရှင်မြတ်များ ကြွရောက်တော်မူကြပြီး YMBA အသင်းဥက္ကဌ အဂ္ဂမဟာမဂ်လဓမ္မဇောတိကဓဇ ဦးရဲထွန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက အောင်ဆန်းတောရတပ်ဦးကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ် တရားတော်များနာယူကြည်ညိုကြသည်။ ထို့နောက် YMBA အသင်းဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များက သံဃာတော်များအား ဝါဆိုသက်န်းနှင့် လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရန်ကုန်တိုင်းဒေသကြီး YMBAအသင်း၏ သြဝါဒါစရိယဆရာတော် အဂ္ဂမဟာမဂ်လဓမ္မဇောတိကဓဇ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။