ဘုန်းတော်ကြီးကျောင်းများသို့ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၈    

Covid-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေ သည့်ကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း အခက်အခဲများဖြေရှင်းပေးနိုင်ရန်အတွက် ချက်ပြုတ်ရေး အဖွဲ့များ စုဖွဲ့ထားရှိပြီး ကျောင်းများအလိုက် နေ့စဉ်ဆွမ်းချက်ပြုတ်လှူဒါန်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့ပါသည်။    

ထို့ကြောင့် ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ မူလမင်းကွန်းကျောင်းတိုက်နှင့် ရှမ်းပိဋကတ်ကျောင်းများသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဓမ္မနန္ဒီ ပရိယတ္တိစာသင်တိုက်သို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင်များက လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၈၈ ကျောင်းသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်နယ်များမှ တာဝန်ရှိသူများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လယ်တီကျောင်းတိုက် နှင့် အိမ်မဲမြို့၊ ရွှေရောင်ပြပရိယတ္တိစာသင်တိုက်များသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကုဋာရာမ(ပရဟိတ)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ စစ်ကိုင်းမြို့၊ သကျဓီတာ သီလရှင်စာသင်တိုက်နှင့် ပခုက္ကူမြို့၊ သီတာအေးသီလရှင်စာသင်တိုက်၊ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ပန်အော့ဘုန်းတော်ကြီးကျောင်းများသို့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မစိုးရိမ် တိုက်သစ်၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက် ပဌမကျော်ဓမ္မာစရိယစာသင်တိုက်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ မဟာဝိသုတာ ရာမတိုက်သစ်များသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အသောကပရဟိတ မိဘမဲ့ကလေးကျောင်းနှင့် ဧမြို့၊ ဧသီတာခေမာရာမ သီလရှင်စာသင်တိုက်၊ တက္ကသိုလ်တောရ ဘုန်းတော်ကြီး ကျောင်း၊ ရွှေတောင်မြို့နယ်၊ ဘယ်လက် ကျေးရွာဘုန်းတော် ကြီးကျောင်း၊ ပြည်မြို့၊ မြို့သစ်ရပ်ကွက်၊ ဝိသိတာရုံဘုန်းတော်ကြီးကျောင်း၊ ရွှေတံခါးရပ်ကွက်၊ သာသနာ့သုခ စာရီသီလရှင်ကျောင်း၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းကလေးကျေးရွာ၊ ဆည်းဆာရိပ် ငြိမ်ဘိုးဘွားရိပ်သာ၊ ကုတင်ငါးဆင့် ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ပန်းတောင်းမြို့နယ်၊ ရေဝင်ကျေးရွာ၊ ရတနာသိဒ္ဓိဘုန်းတော်ကြီး ကျောင်း၊ ညောင်ခြေထောက်ကျေးရွာ၊ သစ္စဝါဒီဘုန်းတော်ကြီးကျောင်း၊ ထိပ်ပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တောင်ဘွေကျေးရွာ၊ ဓမ္မာ့ရိပ်သာသိမ်ဦးဘုန်းတော်ကြီးကျောင်း၊ ဆင်တဲ ကျေးရွာ၊ အောင်သပြေ ဘုန်းတော်ကြီး ကျောင်း၊ ကပြိုင်ကျေးရွာ၊ ကပြိုင်တပ်ဦးဘုန်းတော်ကြီး ကျောင်း၊ တိုင်းကြီးကျေးရွာ ဘုန်းတော်ကြီး ကျောင်း၊ ကျောက်ဖူးကျေးရွာ၊ ပညာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း၊ မသုန်း ကျေးရွာဘုန်းတော် ကြီးကျောင်း၊ တောမကျေးရွာဘုန်းတော်ကြီး ကျောင်း၊ စက်ကျောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၊ ပုလဲကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်း၊ ရေတာရှည်မြို့၊ ကံမြင်ဘုန်း တော်ကြီးကျောင်း၊ ဆွာမြို့၊ စက်ရုံပရိယတ္တိ စာသင်တိုက်၊ ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်၊ ရွှေကူဘုန်း တော်ကြီးကျောင်း၊ ပျဉ်ပုံကြီး မြို့နယ်၊ ဘောနတ်ကြီးကျေးရွာ၊ ဟိတဓရဘုန်းတော်ကြီးကျောင်း၊ အုတ်တွင်းမြို့၊ အောင်နန်း တောင်ဘုန်းတော်ကြီးကျောင်း၊ ညောင်လေးပင်မြို့၊ မြို့မကျောင်းဘုန်း တော်ကြီးကျောင်း၊ ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်၊ မြို့ဦးဘုန်းတော်ကြီးကျောင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ သာသနာ့ဟိတကာရိကျောင်း၊ သာသနာ့မဥ္ဇူကျောင်းနှင့် သံတောင်မြို့၊ တပ်ဦးကျောင်း၊ လိပ်သိုမြို့၊ ရန်ကြီးအောင်ကျောင်းတိုက်နှင့် မဏိသေလာ ဘုန်းတော်ကြီး ကျောင်းများသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များကလည်းကောင်း အသီးသီး သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

    

ဆက်လက်၍လည်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များအလိုက် ချက်ပြုတ်ရေး အဖွဲ့များ ဖွဲ့စည်း၍ ဆွမ်းဆက်ကပ် လှူဒါန်းမှုများကို နေ့စဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

    

ယင်းသို့ တပ်မတော်မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုအပေါ် မုံရွာမြို့၊ မကုဋာရာမ (ပရဟိတ) ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတိုက်မှ ဆရာတော် ဓမ္မာစရိယ ဘဒ္ဒန္တဓမ္မပါလနှင့် တောင်ငူမြို့၊ ဧမြို့ဧသီတာ ခေမာရာမ သီလရှင်စာသင်တိုက်မှ ဆရာလေး ဒေါ်သုဇာတ တို့က ယခုကဲ့သို့ မုဒိတာပွား မေတ္တာစကားများ ပြန်လည်မိန့်ကြားသည်-

 

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု အားလုံးတို့သည်    သာသနာ တော်ကြီးကို ထောက်ပံ့လှူဒါန်းလိုက်တဲ့ ဤကောင်းမှု ကုသိုလ်ကံစေတနာတို့ကြောင့် ဘေးကင်းလို့ရန်ကွာ ကျန်းမာချမ်းသာကြပါစေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုအားလုံးတို့သည် နိုင်ငံ့တာဝန် သာသနာ့တာဝန် ထမ်းဆောင်ပြီးသကာလ   ကျန်းကျန်းမာမာ ဖြင့်လည်း  အသက်ရှည်ကြပါစေ၊  ချမ်းချမ်းသာသာ ဖြင့်လည်း    အသက်ရှည်ကြပါစေလို့ မေတ္တာပို့သလျက်ရှိပါတယ်”ဟု ဆရာလေးဒေါ်သုဇာတက မိန့်ကြားသည်။