မိဘပြည်သူများ၏ မေတ္တာရပ်ခံချက်များအရ တပ်မတော်ဆိုင်ရာ တက္ကသိုလ်များ၏ ဗိုလ်လောင်းဝင်ခွင့်များအတွက် အသက်ကန့်သတ်ချက်ကို တိုးမြှင့်သတ်မှတ်

မိဘပြည်သူများ၏ မေတ္တာရပ်ခံချက်များအရ တပ်မတော်ဆိုင်ရာ တက္ကသိုလ်များ၏ ဗိုလ်လောင်းဝင်ခွင့်များအတွက် အသက်ကန့်သတ်ချက်ကို တိုးမြှင့်သတ်မှတ်

နေပြည်တော်    ဇွန်   ၂၇

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်၊ တပ်မတော်ဆေး တက္ကသိုလ်နှင့် တပ်မတော်ဆေး တက္ကသိုလ် (အမျိုးသမီး) ဗိုလ်လောင်းဝင်ခွင့်နှင့် ပတ်သက်၍ မိဘပြည်သူများ၏ မေတ္တာရပ်ခံချက်အရ အသက် ကန့်သတ်ချက်ကို ယခင်ထက် ၆ လတိုး၍ ပြင်ဆင်သတ်မှတ် ပေးလိုက်ကြောင်း သိရှိရသည်။

အဆိုပါ တက္ကသိုလ်များအတွက် ဗိုလ်လောင်းဝင်ခွင့် လျှောက်ထားမှုတွင် ယခင်  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရ (အစား) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၈ နှစ် ၆ လ ထက်မကြီးရဟု တိုးမြှင့်ပြင်ဆင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း  သတင်း ရရှိသည်။