လီဗာပူးအသင်း သမိုင်းတစ်လျှောက် နှစ်ပေါင်း ၁၃၀ အတွင်း အခမ်းနားဆုံး သွင်းဂိုးအဖြစ် ဘာစီလိုနာ အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အိုရီဂီ၏ သွင်းဂိုးသတ်မှတ်ခံရ

လီဗာပူးအသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း  ၁၃၀ အတွင်း  အခမ်းနားဆုံးသောသွင်းဂိုးအဖြစ် ဘာစီလိုနာအသင်းနှင့်  လီဗာပူးအသင်းတို့ ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်မှ အိုရီဂီ၏ သွင်းဂိုးသတ်မှတ် ခံခဲ့ရကြောင်း သိရသည်။

LFC.Com  က   လီဗာပူးအသင်း သမိုင်းတစ်လျှောက်  အခမ်းနားဆုံး သွင်းဂိုးအတွက်  အသင်းပရိသတ်များထံမှ ဆန္ဒမဲ ကောက်ယူရာတွင် အိုရီဂီ၏ သွင်းဂိုးက အသင်းမှ ဂန္ထဝင်ကစားသမားကြီးများကို ကျော်ဖြတ်ပြီး သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်က လီဗာပူးအသင်းနှင့် ဘာစီလိုနာအသင်းတို့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်တွင်    လီဗာပူးအသင်းက ၄ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကာ အိုရီဂီက ပွဲချိန် ၇၈ မိနစ်တွင် အသင်းအတွက်  ဗိုလ်လုပွဲသို့  တက်ရောက်စေမည့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက်  အသင်းသမိုင်းတစ်လျှောက် အခမ်းနားဆုံး သွင်းဂိုးအဖြစ် ပရိသတ်များက ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

လီဗာပူးအသင်းသမိုင်းတစ်လျှောက် အခမ်းနားဆုံးသွင်းဂိုး ၁၀ ဂိုးစာရင်းတွင် အိုရီဂီ၏ သွင်းဂိုးနောက်တွင် ၂၀၀၆ ခုနှစ်က ဝက်စ်ဟမ်းအသင်းနှင့်ပွဲမှ ဂျရတ်၏ သွင်းဂိုးက အဆင့်(၂)၊ ၂၀၀၅ ခုနှစ်က အေစီမီလန်အသင်းနှင့်ပွဲမှ ဂျရတ်၏သွင်းဂိုးက အဆင့်(၃)၊ ၁၉၇၈ ခုနှစ်တွင် စပါးအသင်းနှင့်ပွဲမှ မက်ဒါမော့ခ်၏ သွင်းဂိုးက အဆင့်(၄)၊ ၁၉၇၈ ခုနှစ်တွင် ဘရုဂျက်အသင်းနှင့်ပွဲမှ ဒဲဂလစ်ရှ်၏ သွင်းဂိုးက အဆင့်(၅)၊ ၁၉၇၇ ခုနှစ်တွင် စိန့်အက်တီယန်အသင်းနှင့်ပွဲမှ ဖဲရားကလော့ပ်၏ သွင်းဂိုးက အဆင့်(၆)၊ ၁၉၈၆ ခုနှစ်တွင် ချယ်လ်ဆီး အသင်းနှင့်ပွဲမှ ဒဲဂလစ်ရှ်၏သွင်းဂိုးက အဆင့် (၇)၊ ၁၉၈၆ ခုနှစ်တွင် အဲဗာတန်အသင်းနှင့်ပွဲမှ အီရန်ရိုဒ်၏ သွင်းဂိုးက အဆင့်(၈)၊ ၁၉၈၁ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းနှင့်ပွဲမှ ကနေဒီ၏သွင်းဂိုးက အဆင့်(၉)နှင့် ၁၉၆၅ ခုနှစ်က လိဒ်အသင်းနှင့်ပွဲမှ အီရန်ဂျွန်၏ သွင်းဂိုးက အဆင့်(၁၀)နေရာ၌ အသီးသီး ရပ်တည်ခဲ့ကြကြောင်း သိရသည်။           

  Ref;LFC.Com