မန်ယူအသင်းသည် အသင်းမှ ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒို အသင်းနှင့်လမ်းခွဲခဲ့ပါက ၎င်း၏နေရာ၌ ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး နေမာနှင့်အစားထိုးမည် ဖြစ်ကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းက အသင်းဘဏ္ဍာရေးစည်းမျဉ်း နှင့်ငြိစွန်းလာဖွယ်ရှိသည့် အခြေအနေများကြောင့် လုပ်ခလစာမြင့်မားစွာ ပေးချေနေရသော နေမာကို ရောင်းချမည်ဖြစ်ပြီး လက်ရှိတွင် ချယ်လ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ထံ ဆက်သွယ်မှုများပြုလုပ်ထားခြင်း ဖြစ်သည်။
ပီအက်စ်ဂျီအသင်းက နေမာကို ၂၀၁၇ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်း ရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူထားသော်လည်း လက်ရှိ နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် နည်းပါးသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ပြန်လည်ရောင်းချသွားမည် ဖြစ်သောကြောင့် ချယ်လ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ထံ ဆက်သွယ်မှု ပြုလုပ်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းမှစ၍ မန်ယူအသင်း၏ ကစားသမားခေါ်ယူမှု အပိုင်းနှင့် ပတ်သက်ပြီး စီရော်နယ်ဒို၏ အနာဂတ်မှာလည်း မရေရာသည့် သတင်းများ ထွက်ပေါ်လာပြီး စီရော်နယ်ဒိုကိုယ်တိုင်အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေပြီဟု သတင်းများ ထွက်ပေါ်နေသောကြောင့် နေမာကို ခေါ်ယူမည်ဆိုပါက နည်းပါးသည့် ပြောင်းရွှေ့ကြေးဖြင့် အလွယ်တကူ ခေါ်ယူနိုင်မည် ဖြစ်သည့်အတွက် အစားထိုးရန် ပြင်ဆင်ထားကြောင်း သိရသည်။
Ref;Eurosports