ဂျိုအန်ဂမ်ပါ ဖလားဗိုလ်လုပွဲမှ အကြောင်းပြချက်မရှိဘဲ နုတ်ထွက်ခဲ့သည့် ရိုးမားအသင်းကို ဘာစီ လိုနာအသင်းက တရားစွဲဆိုရန်စီစဉ်ထားပြီး အဆိုပါ ပွဲစဉ်အတွက် ပွဲကြည့်ခွင့်လက်မှတ် ဝယ်ယူထားသော ပရိသတ်များကိုလည်း လက်မှတ်ခများပြန်လည်ထုတ် ပေးမည်ဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းက ၁၉၆၆ ခုနှစ်မှစတင်ပြီး ဘောလုံးရာသီသစ်မတိုင်မီ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ပြိုင်ပွဲတစ်ခုကျင်းပခဲ့ပြီး ၁၉၆၆ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ အသင်းလေးသင်းဖြင့် ဆီမီးဖိုင်နယ်အဆင့်မှ ကျင်းပခဲ့ခြင်း ဖြစ်သော်လည်း ၁၉၉၇ ခုနှစ်မှစတင်ကာ နှစ်သင်းတည်းဖြင့် ဗိုလ်လုပွဲတစ်ပွဲတည်းသာ ကျင်းပ ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းက ဂျိုအန်ဂမ်ပါဖလား ဗိုလ်လုပွဲအဖြစ် သြဂုတ် ၆ ရက်တွင် ရိုးမားအသင်းနှင့် ကစားရန် သဘောတူညီမှုရရှိထားကြောင်း အတည်ပြု ကြေညာထားပြီးဖြစ်သော်လည်း ထိုသို့အတည်ပြုကြေညာခဲ့ပြီး ၁၂ ရက်အကြာတွင် ရိုးမားအသင်းက အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဗိုလ်လုပွဲမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပွဲစဉ်ကို သြဂုတ် ၆ ရက်တွင် ကျင်းပမည် ဖြစ်၍ ပွဲကြည့်ခွင့်လက်မှတ်များ စတင်ရောင်းချခဲ့ ရာ ယခုအခါ လက်မှတ်ဝယ်ယူထားသည့် ပရိသတ်များကို လက်မှတ်ခများ ပြန်လည်ထုတ်ပေးမည်ဖြစ် ပြီး ပြိုင်ဘက်အသင်း တစ်သင်းကို ရှာဖွေမှုပြုလုပ်နေ သကဲ့သို့ ရိုးမားအသင်းကိုလည်း တရားစွဲဆိုမှု ပြုလုပ် မည်ဖြစ်သည်။
ဂျိုအန်ဂမ်ပါဖလားဗိုလ်လုပွဲအတွက် ရိုးမားအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးသားပါ။ ရိုးမားအသင်း အနေနဲ့ အကြောင်းပြချက် မရှိဘဲ တစ်ဖက်သတ် နုတ်ထွက်သွားခဲ့တာပါ။ နစ်နာခဲ့တာတွေအတွက် အသင်းရှေ့နေ အဖွဲ့တွေက ရိုးမားအသင်းကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါပြီဟု ဘာစီလိုနာအသင်းက အတည်ပြု ကြေညာခဲ့ကြောင်း သိရသည်။
Ref;Marca