(၁၆၉) ကြိမ်မြောက် ရွှေကျင်မီးမျှောပွဲတော်ကို COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရန် စီစဉ်

ပဲခူးတိုင်းဒေသကြီး     ရွှေကျင်မြို့၌  ကျင်းပမည့် (၁၆၉) ကြိမ်မြောက် သီတင်း ကျွတ်မီးမျှောပွဲတော်ကို     COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ   အစဉ်အလာမပျက် ကျင်းပနိုင်ရန်      စီစဉ်လျက်ရှိကြောင်း သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် ကျင်းပရေး ကော်မတီမှ သိရသည်။

အဆိုပါပွဲတော်သည်  နှစ်စဉ် သီတင်း ကျွတ်လဆန်း ၈ ရက်မှ သီတင်းကျွတ်လ ပြည့်ကျော် ၁ ရက်အထိ   ကျင်းပသည့် အထင်ကရပွဲတော်တစ်ခုဖြစ်သည်။

“ဒီနှစ်မှာတော့  COVID-19 ရောဂါ ဖြစ်ပွားနေတဲ့အတွက် နှစ်တိုင်းကျင်းပနေ ကျဖြစ်တဲ့ ကုန်းပွဲ၊ ရေပွဲနဲ့စည်စည်ကားကား ကျင်းပဖြစ်မှာမဟုတ်တော့ပါဘူး။ အကျဉ်းချုံးပြီး  အစဉ်အလာမပျက်၊  အကြိမ်ရေ မပျက်ကျင်းပနိုင်ဖို့  စီစဉ်ထားပါတယ်” ဟု အဆိုပါကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်က ပြောသည်။

ယခု  ကျင်းပမည့်ကာလသည် COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလနှင့် တိုက်ဆိုင်နေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များအတိုင်း လိုက်နာကျင်းပရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။                               

အိအိ