လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် အား မိုင်းထောင် ဖောက်ခွဲရန် ကြိုးပမ်းသူအား ဖမ်းဆီးရမိ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် အား မိုင်းထောင် ဖောက်ခွဲရန် ကြိုးပမ်းသူအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန်  ၃၀   

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွား ရေးဘဏ် သို့ ဇွန် ၂၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မိုင်းထောင် ဖောက်ခွဲသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်ဗထူးလမ်း၊  မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စင်္ကြန်လမ်း၌ ပေါက်ကွဲသံကြားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မီးသွေးဆောင်၊ အခန်း(၂)၊ ဗထူး(၉) လမ်း၊ (၂)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေသူ ထက်အောင်ကို (ခ)ကိုအောင် (၁၆)နှစ်(ဘ)ဦးတင်ဦး အား တွေ့ရှိရကာ ၎င်း၏ ဘေးလွယ် အိတ်အတွင်းမှ လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းစဉ် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ထက်အောင်ကို အား မိုင်းစ ထိမှန်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ ကြောင်းနှင့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ပြည်သူ လူထုအထိတ်တလန့်ဖြစ်ပွားစေရန် ရည်ရွယ်၍ ယခုကဲ့သို့  အသက်ငယ်ရွယ်သူများ ကို မက်လုံးပေး စေခိုင်း၍ မိုင်းထောင်ဖောက်ခွဲစေခဲ့ခြင်းဖြစ်ကြောင်းနှင့် ပါဝင် ပတ်သက်သူများကို ထိရောက်စွာ အရေးယူနိုင်ရေး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။