ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ပိုးတွေ့လူနာ ၁၀၁၂ ဦးရှိ

နေပြည်တော်  အောက်တိုဘာ  ၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါ ပိုးတွေ့လူနာ ၁၀၁၂ ဦးနှင့် သေဆုံးသူ ၂၅ ဦး ထပ်တိုးကြောင်း သိရသည်။

(၇-၁၀-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၄၀၀ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေကို ယနေ့ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၇-၁၀-၂၀၂၀)ရက် ည ၈ နာရီမှ (၈- ၁၀-၂၀၂၀) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂၂၆၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၁၀၁၂ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

၅၀၀