ဂလက်စတို၊ ဘောလုံး
စကော့တလန်အသင်းသည် အောက်တိုဘာ ၈ ရက်တွင် အစ္စရေးနှင့် ယူအီးအက်ဖ်အေနေးရှင်း လိဂ်ပွဲ ကစားရမည်ဖြစ်ရာ ထိုပွဲမတိုင်မီ ဆေးစစ်ရာ၌ စကော့တလန်ကစားသမား အမ်းစထရောင်းတွင် ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းသည် နိုင်ငံအသင်းမှ ပြန်နုတ်ထွက်ခဲ့ပြီး ၎င်းနှင့်နီးကပ်စွာ ထိတွေ့ ခဲ့သော စကော့တလန် လက်ရွေးစင်များအနက်မှ အာဆင်နယ်ဘယ်နောက်ခံကစားသမား တီယာနေးနှင့် ဆဲလ်တစ်ကွင်းလယ် ကစားသမား ရွိုင်ယန်ခရစ္စတီးတို့ နှစ်ဦးသည်လည်း Quarantine ဝင်ရမည် ဖြစ်သည်။
ထို့ကြောင့် တီယာနေးသည် နောက်တစ်ပတ်တွင် အာဆင်နယ်အသင်းကစားရမည့် မန်စီးတီးနှင့် ပရီးမီးယားလိဂ်ပွဲ၌ ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း သတင်းများက ဆိုသည်။
ဆောက်သမ်တန် ကွင်းလယ်ကစားသမား စတူအပ်အမ်းစထရောင်းသည် အောက်တိုဘာ ၅ ရက်က ဆေးစစ်ရာတွင် COVID-19 ရောဂါ ပိုးမတွေ့ရသော်လည်း စကော့တလန်အသင်းအတွက် သွား ရောက် ကစားပေးရာတွင် ထပ်မံဆေးစစ်မှု၌ ရောဂါကူးစက်ခံထားရကြောင်း အဖြေထွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Ref:Dailymail