ကျိုင်းတုံမြို့၊ ကျိုင်းတုံတက္ကသိုလ်၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ပြုလုပ်

ကျိုင်းတုံမြို့၊ ကျိုင်းတုံတက္ကသိုလ်၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျိုင်းတုံတက္ကသိုလ်၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပိတောက်ပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။ ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင် စသည့် ပျိုးပင်စုစုပေါင်း ၇၀၀ ပင်တို့ကို သတ်မှတ်နေရာအသီးသီး၌ စိုက်ပျိုးပေးကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။