အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဆု ဆွတ်ခူးရရှိသည့် ကချင်ပြည်နယ်အမျိုးသမီး ဘော်လီဘောအသင်းအားဂုဏ်ပြုကြိုဆို

အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဆု ဆွတ်ခူးရရှိသည့် ကချင်ပြည်နယ်အမျိုးသမီး ဘော်လီဘောအသင်းအားဂုဏ်ပြုကြိုဆို

နေပြည်တော်၊ ဇူလိုင် - ၃

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဆု ဆွတ်ခူးရရှိသည့် ကချင် ပြည်နယ်အမျိုးသမီး ဘော်လီဘောအသင်းအား ယနေ့ ညနေပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက မြစ်ကြီးနား လေဆိပ်၌ ဂုဏ်ပြုကြိုဆိုကြသည်။

အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇွန် ၂၇ ရက်မှ ၃၀ ရက်အထိ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ဘော်လီဘော အားကစား အဆင့်အတန်းကို တိုးတက်မြင့်မားလာစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေးနှင့် မျိုးဆက်သစ်ရွက် ပုန်းသီး ဘော်လီဘောအားကစား သမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။