၂၀၂၂ ခုနှစ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

၂၀၂၂ ခုနှစ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင်- ၃

၂၀၂၂ ခုနှစ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပူဖောင်းအား ပစ္စတိုဖြင့် ပစ်ဖောက်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ပြိုင်ပွဲဝင်အသင်းများ၏ သရုပ်ပြပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၀ သင်းနှင့် အမျိုးသမီးအသင်း ၁၀ သင်းတို့ဖြင့် ဇူလိုင် ၈ ရက်အထိ ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။