ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ ဆွမ်းအခက်အခဲများ အဆင်ပြေစေရန်အတွက် တပ်မတော်သားများက နေ့ဆွမ်းများ သွားရောက်ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၉
    
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း အခက်အခဲများဖြေရှင်းပေးနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ချက်ပြုတ်ရေး အဖွဲ့များစုဖွဲ့၍ ကျောင်းများ အလိုက် နေ့စဉ် ဆွမ်းချက်ပြုတ် ဆက်ကပ်လှူဒါန်းလျက်ရှိသည်။ 
    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အေးမြရွှေပြည်ဘုန်းတော်ကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဇမ္ဗူအေး အေတီတပ်ဦးပရိယတ္တိစာသင်တိုက်၊ အေးချမ်းမြေ့ပရိယတ္တိစာသင်တိုက်နှင့် ကွန်ခမ်း ကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ အေးစေတီပရိ ယတ္တိစာသင်တိုက်နှင့် ကလောမြို့၊ မြို့မပရိယတ္တိစာသင်တိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ မဟာသုမေဓာရာမ တောရစာသင်တိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာ၊ ပတ္တမြားကျောင်းတိုက်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၊ မြိတ်မြို့၊ တပ်ဦးဇမ္ဗူအေးကျောင်းတိုက်နှင့် အောင်ဇမ္ဗူကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကန်ဦးဇေတဝန်စာသင်တိုက် အပါအဝင် ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂^က)ရပ်ကွက်၊ စက္ကဝဠာကျောင်းတိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်း ၁၇ ကျောင်း၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ တောရကျောင်းတိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ မှော်ဘီမြို့နယ်၊ ထိန်စွန်းကျေးရွာ၊ မေတ္တာပါရမီ သီလရှင်ကျောင်းတိုက်အပါအဝင် ဘုန်းတော်ကြီး ကျောင်းနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်း ၂၀ ကျောင်း၊ တိုက်ကြီးမြို့နယ်၊ နှင်းဆီမြိုင် ကျေးရွာ၊ ရွှေတောင်ဦး သီရိမင်္ဂလာရာမကျောင်းတိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း၊ လှည်းကူးမြို့နယ်၊ လေးအိမ်စုကျေးရွာ၊ မဟာသန္တိသုခကျောင်းတိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်းနှင့် ကွမ်းခြံကုန်းမြို့နယ်၊ စခန်းကြီးကျေးရွာ၊ ရွာဦး ကျောင်းတိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လေးမျက်နှာ ကျောင်းပရိယတ္တိစာသင်တိုက်၊ အောင်ရတနာသိဒ္ဒိရွှေမြင်တင်ဘုရားကြီး ကျောင်းနှင့် ဟိုင်းကြီးကျွန်းမြို့၊ ပဓာနိကာရာမကျောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်ကြီးတောင် ဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးမဟာ ဗောဓိတပ်ဦးကျောင်း၊ စစ်တွေမြို့နယ်၊ ကြီးတဲဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့နယ်၊ ဗောဓျာရာမ ဘုန်းတော်ကြီးကျောင်း၊ သံတွဲမြို့နယ်၊ ဝေဠုဝန်ကျောင်းနှင့် ဂွမြို့နယ်၊ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သဒ္ဓမ္မပါလချမ်းမြေ့ ပရဟိတသီလရှင်စာသင်တိုက်၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ဗုဒ္ဓဂုဏာရာမကျောင်းတိုက်၊ ရွှေဘိုမြို့နယ်၊ နမောကျေးရွာ၊ အောင်မြင်ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ ကလေးမြို့၊ မဟာသန္တာရုံကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သာသနာ့ဝိပုလာရာမ ပါဠိတက္ကသိုလ် အနောက်ကျောင်းတိုက်နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ သုခိတာရုံသီလရှင် စာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သမ္ဗုဒ္ဓေချောင်၊ သဒ္ဓမ္မပါလသီလရှင်စာသင်တိုက်၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ ကျောက်တံခါးတောရ ဘုန်းတော်ကြီးကျောင်း၊ ပြင်ဦးလွင်မြို့၊ ပုညကာရီခဲလယ်ကျောင်းတိုက်နှင့် ပွဲကောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ သပြေစမ်းမိုဃ်းညှင်းပိဿနာတိုက်၊ ဇေယျာသီရိသီလရှင်စာသင်တိုက်၊ မိဘမဲ့အမျိုးသမီးကျောင်း၊ ဆွာမြို့၊ တပ်ဦးဘုန်းတော်ကြီး ကျောင်း၊ အုတ်တွင်းမြို့၊ ပိတောက်ကုန်းတော်ကြီးကျောင်း၊ ဂုံးကျော်ကျေးရွာ ပုဂံဘုန်းတော်ကြီး ကျောင်း၊ ပဲခူးမြို့၊ သာသနာ့ဇောတိကဘုန်းတော်ကြီးကျောင်း၊ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့၊ သီရိမင်္ဂလာတပ်ဦးတောရဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့၊ အောင်မြေ သာယာဘုန်းတော်ကြီးကျောင်း၊ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ပျဉ်းကတိုးခင်းဘုန်းတော် ကြီးကျောင်း၊ သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ ကိုးပင်ရိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အုတ်ဖိုမြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာ မိကျောင်းတောင် ဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ ဧရာဝတီတောရဘုန်းတော်ကြီးကျောင်း၊ သာသနာ့သုခစာရီ သီလရှင်ကျောင်း၊ ပေါက်ခေါင်းမြို့၊ စမ်းကလေးကျေးရွာ ဆည်းဆာ ရိပ်ငြိမ်ဘိုးဘွားရိပ်သာ၊ ကုတင်ငါးဆင်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ပန်းတောင်းမြို့၊ ညောင်ခြေထောက်ကျေးရွာ သစ္စာဝါဒီဘုန်းတော်ကြီးကျောင်း၊ ထိပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တောင်ဘွေကျေးရွာ ဓမ္မရိပ်သာသိမ်ဦးကျောင်း၊ ဆင်တဲရွာဘုန်းတော်ကြီး ကျောင်း၊ အောင်သပြေဘုန်းတော်ကြီး ကျောင်း၊ ကမြိုင်တပ်ဦးကျောင်း၊ ကိုင်းကြီးဘုန်းတော်ကြီး ကျောင်း၊ ပုလဲဘုန်းတော်ကြီး ကျောင်း၊ ကျောက်ကြီးမြို့၊ ဝက်မင်းညီနောင်ဘုန်းတော်ကြီးကျောင်း၊ အစိဏ္ဏာရာမကျောင်းတိုက်၊ ပျဉ်ပုံကြီးမြို့၊ ဝါးကတုတ်ဆည်ဦး ဘုန်းတော်ကြီးကျောင်း၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်း၊ သံတောင်မြို့ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်းနှင့် ကျိုက်ထီးရိုးလေးဘုန်းတော်ကြီးကျောင်းများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ 
    
ဆက်လက်၍လည်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ချက်ပြုတ်ရေး အဖွဲ့များ ဖွဲ့စည်း၍ ဆွမ်းဆက်ကပ်လှူဒါန်းမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။