COVID-19 ရောဂါကုသရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်အတွက် တပ်မတော်က အောက်ဆီဂျင်များလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၉
    
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေ သည့်ကာလအတွင်း COVID-19  ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သက်ဆိုင်ရာဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများက ဆက်သွယ်လာသဖြင့်  တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန် အတွက် တပ်မတော် Oxygen Plant များမှ  အောက်ဆီဂျင်များဖြည့်သွင်း၍ အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါ ကုသရေးဌာနများအရောက် သွားရောက်လှူဒါန်း လျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၆ လုံးကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်မြင်းမိုရ်အိမ်ရာရှိ COVID-19 ရောဂါကုသရေးဌာနသို့ အောက်ဆီဂျင်အိုးအလုံး ၅၀ ကိုလည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်း(၁) (ရိုးမ-၁)၊ COVID-19  ရောဂါကုသရေးဌာနသို့ အောက်ဆီဂျင်အိုးအလုံး ၂၀ ကိုလည်းကောင်း၊ ဒဂုံဆိပ်ကမ်း(၂) (ရိုးမ-၂)၊ COVID-19  ရောဂါကုသရေးဌာနသို့ အောက်ဆီ ဂျင်အိုးအလုံး ၂၀ ကိုလည်းကောင်း၊ သန်လျင်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးအလုံး ၄၀ ကိုလည်းကောင်း၊ ခရမ်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးအလုံး ၂၀ ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီ ဂျင်အိုးအလုံး ၄၀ ကိုလည်းကောင်း၊ ခုတင်-၃၀၀ ဆံ့ သင်ကြားရေးဆေးရုံကြီးသို့ အောက်ဆီဂျင် အိုး ၂၈ လုံးကိုလည်းကောင်း၊ ကန်တော်နဒီဆေးရုံသို့ အောက်ဆီဂျင်အိုးအလုံး ၂၀ ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၂ လုံးကိုလည်းကောင်း တပ်မတော် Oxygen Plant များ၌ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက  အသီးသီးသွားရောက်လှူဒါန်းသည်။ 
    
တပ်မတော်အနေဖြင့် COVID-19  ရောဂါကုသရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ရာ၌ လိုအပ်လျက်ရှိသော အောက်ဆီဂျင်များကို တပ်မတော် Oxygen Plant  များ၌ ဖြည့်သွင်း၍ ဆက်လက်ဖြည့်ဆည်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။