ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများ ရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ရာသီ သီးနှံများအား တပ်မတော်က ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၉
    
ကမ္ဘာ့ကပ်ရောဂါ COVID-19  ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိခြင်းတို့ကြောင့် သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ 
    
ထိုသို့အခက်အခဲဖြစ်ပေါ်နေသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများအား ဝယ်ယူပေးလျက်ရှိသည်။
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တောကျယ်လဲပြားကျေးရွာနှင့် လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာတို့ရှိ ဒေသခံတောင်သူ များ၏စိုက်ခင်းများသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍  ဒေသခံ တောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့်  ဂေါ်ရခါးသီး ၁၅၀၀၀ လုံးနှင့် ခရမ်းချဉ်သီး ၁၆၀၀ ပိဿာတို့ကို ဝယ်ယူပေးခဲ့ပြီး ဒေသခံတောင်သူများ၏ အခက်အခဲများပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
    
တပ်မတော်မှ ယခုကဲ့သို့ လာရောက်ဝယ်ယူပေးသည့်အတွက် ဒေသခံတောင်သူများ အနေဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများအပေါ် ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။