မုံရွာမြို့၊ ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါကြွယ်စေရေးအတွက် ငါးမျိုးများ စိုက်ထည့်

မုံရွာမြို့၊ ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါကြွယ်စေရေးအတွက် ငါးမျိုးများ စိုက်ထည့်

နေပြည်တော်၊ ဇူလိုင် - ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါကြွယ် စေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ငါးမျိုးစိုက်ထည့် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ငါးမြစ်ချင်း အကောင်ရေ ၅၀၀၀၀၀ နှင့် ငါးခုံးမကြီး အကောင်ရေ ၂၀၀၀၀၀ တို့ကို ချင်းတွင်းမြစ်အတွင်းသို့ စုပေါင်းလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။