သုံးယောက်တွဲ အသင်းလိုက် (အမျိုးသား) ပိုက်ကျာ်ခြင်း ပြိုင်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ အသင်း ဗိုလ်စွဲ

သုံးယောက်တွဲ အသင်းလိုက် (အမျိုးသား) ပိုက်ကျာ်ခြင်း ပြိုင်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ အသင်း ဗိုလ်စွဲ

နေပြည်တော်  ဇူလိုင်  ၇

မြန်မာ့ပိုက်ကျော်ခြင်း အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော် ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြည်နယ်နှင့် တိုင်းဒေသကြီး   ပိုက်ကျော်ခြင်း ပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံ၌ ယနေ့တွင်ကျင်းပရာ ဗိုလ်လုပွဲစဉ်၌ နေပြည်တော်ကောင်စီ နယ်မြေအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲ ဖြင့်အနိုင်ရရှိကာ ဗိုလ်စွဲကြောင်း သိရသည်။

ယနေ့  နံနက်  ၈  နာရီမှစတင်၍ သုံးယောက်တွဲ အသင်းလိုက်(အမျိုးသား) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက  ရှမ်းပြည်နယ် အသင်းကို  ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။

ဆက်လက်၍   သုံးယောက်တွဲ အသင်းလိုက်(အမျိုးသား) တတိယလုပွဲ ပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်းကို  ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နေပြည်တော်ကောင်စီ နယ်မြေအသင်းက စစ်ကိုင်းတိုင်း ဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ယင်းပြိုင်ပွဲသို့  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်  ပိုက်ကျော်ခြင်း အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။